Posts

လိင်ကိစ္စဟာ သဘာဝပါ

Image
 လိင်ကိစ္စဟာ သဘာဝပါ လိင်စိတ်ရှိတာဟာ လူသားတွေရဲ့ သဘာဝတစ်ခုပါ။ ဒါကြောင့် အဲဒီစိတ်ရှိတာကိုယ်တိုင်ကို အပြစ်တစ်ခုလို မမြင်သင့်ဘူး။ လူငယ်တစ်ယောက်ကို လိင်အကြောင်း မပြောရုံနဲ့ လိင်စိတ်က ပျောက်သွားမှာ မဟုတ်ဘူး။ ကြီးပြင်းလာတဲ့ပတ်ဝန်းကျင်၊ ထုံးတမ်းအစဉ်အလာတွေနဲ့ လူကြီးတွေရဲ့ ရှေးရိုးစွဲအမြင်တွေကြောင့် လိင်ကိစ္စနဲ့ ပတ်သက်ပြီး သင်ယူခွင့်မရ၊ မေးလို့မရ၊ ပြောလို့မရ၊ တိုင်ပင်လို့မရတဲ့အခါ သိသင့်တာကို မသိဘဲ ကြားရာ၊ မြင်ရာကနေ ကိုယ်တိုင်ဆုံးဖြတ်ရတဲ့ အခြေအနေမျိုး ဖြစ်လာနိုင်တယ်။ အဲဒီအခါ လက်တလောသာယာမှုနဲ့ လိင်ကိစ္စဆိုင်ရာ အသိပညာမရှိမှုတွေက အမှားဘက်ကို ရွေးမိသွားဖို့ အခွင့်အရေးပေးသလို ဖြစ်သွားနိုင်ပါတယ်။ လိင်ကိစ္စကို မသိနားမလည်ဘဲ ဖိနှိပ်ထားခြင်း၊ ပြောဆိုတိုင်ပင်စရာ မရှိခြင်းတွေကြောင့် အချို့လူငယ်တွေမှာ စိတ်ရှုပ်ထွေးမှုတွေ၊ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ပွင့်လင်းစွာ ပြောဆိုတိုင်ပင်တယ် ဆိုတာ လိင်ကိစ္စနဲ့ ပတ်သက်ပြီး ဘာမဆို လုပ်ခွင့်ပေးတာ မဟုတ်ပါဘူး။ “ဘာက သဘာဝလဲ၊ ဘာက အန္တရာယ်ရှိလဲ၊ ဘာက တာဝန်ရှိတဲ့ဆုံးဖြတ်ချက်လဲ” ဆိုတာတွေကို သိနိုင်အောင် ပွင့်လင်းစွာ ပြောဆိုနိုင်တာမျိုးကို ဆိုလိုတာပါ။ ...

အောင်စိတ် ပျောက်ဆုံးခြင်း

Image
 အောင်စိတ် ပျောက်ဆုံးခြင်း လူတစ်ယောက်ဟာ မအောင်မြင်တာတွေ များလာတဲ့အခါ အောင်မြင်ခြင်းရဲ့ အရသာကို မေ့ပျောက်လာတတ်တယ်။ဒါဟာ တစ်ကြိမ်၊ နှစ်ကြိမ် မအောင်မြင်တာကြောင့် အားလျော့သွားတာမျိုး မဟုတ်ဘူး။ အဖန်ဖန် မအောင်မြင်မှုတွေ ကြုံလာရင်း မပြီးမြောက်တာ၊ မအောင်မြင်တာတွေကို ကိုယ့်ရဲ့ အကျင့်အလေ့အထတစ်ခုလို လက်ခံလာမိတာ ဖြစ်တတ်တယ်။ ကြိုးစားတိုင်း မဖြစ်လာတာတွေ များလာတဲ့အခါ “ငါလုပ်လည်း ဖြစ်မှာမဟုတ်ဘူး”ဆိုတဲ့အတွေးက တဖြည်းဖြည်း ဝင်လာတယ်။အဲဒီအတွေးက ကြိုးစားချင်စိတ်ကိုပဲ မပျောက်စေတာမဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ ကိုယ့်ကိုယ်ကို လေးစားမှု (self-respect) တွေပါ တဖြည်းဖြည်း ထိခိုက်လာစေတယ်။ နောက်ဆုံးမှာ မအောင်မြင်တာထက် မကြိုးစားတော့တာက ပိုကြီးတဲ့ပြဿနာ ဖြစ်လာတယ်။ ဒီအတွေးတွေကနေ ပြန်ပြီးထရပ်ဖို့ဆိုရင် ကိုယ့်ကိုယ်ကို ပြန်ယုံကြည်လာအောင်၊ ကိုယ့်ကိုယ်ကို ပြန်လေးစားလာအောင် တည်ဆောက်ဖို့ လိုပါလိမ့်မယ်။ Self-respect ကို တည်ဆောက်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကို ချစ်ပါ။ ကိုယ့်ကိုယ်ကို ယုံကြည်ပါ လို့ ပြောရုံ၊ မနက်နိုးလာတိုင်း လက်တွေ့မကျတဲ့ affirmation တွေရွတ်ဆိုနေရုံနဲ့တော့ မရပါဘူး။ ကိုယ့်ကိုယ်ကို လေးစားမှုဆိုတာ ကိုယ့်ကိုယ်က...

မိသားစုထမင်းဝိုင်း

Image
မိသားစုထမင်းဝိုင်း ဖေဖေရှိတုန်းက မိသားစုထမင်းဝိုင်းလေးမှာ အားလုံးနီးပါး အတူတူစားဖြစ်ကြတယ်။ အဲဒီအချိန်တုန်းကတော့ အဲဒါဟာ မိသားစုဘဝရဲ့ သာမန်အရာတစ်ခုလို့ပဲ ထင်ခဲ့တယ်။ ထမင်းစားရင်း ပြောကြတဲ့စကားတွေ၊ အပြန်အလှန်မေးကြတာတွေ၊ တစ်ခါတလေ အငြင်းပွားကြတာတွေကိုတောင် အရေးကြီးတယ်လို့ မထင်ခဲ့ဘူး။ တခါတစ်ရံ ဖေဖေက အလုပ်က မောမောပန်းပန်းနဲ့ ပြန်လာတာတောင် ထမင်းဝိုင်းမှာ လူစုံဖို့ ထိုင်စောင့်နေတာမျိုးတွေ ရှိခဲ့ဖူးတယ်။ “ထမင်းဝိုင်း လူစုံအောင်တဲ့…” အဲဒီတုန်းကတော့ ဖေဖေ ဘာကြောင့် လူစုံအောင် စောင့်နေတယ်ဆိုတာ ကျွန်တော်တို့ မစဉ်းစားခဲ့ကြဘူး။ ဖေဖေမရှိတော့တဲ့နောက် အိမ်ရဲ့ စားဝတ်နေရေးအခြေအနေတွေကြောင့်ရော၊ အရင်ကလို လူစုံအောင် ထိုင်စောင့်ခဲ့တဲ့ ဖေဖေ မရှိတော့တာကြောင့်ရော ထမင်းအတူစားဖြစ်တဲ့အချိန်တွေဟာ တစတစ နည်းလာခဲ့တယ်။ အခုလိုအချိန်ရောက်မှ အဲဒီအရာလေးရဲ့ တန်ဖိုးကို ပြန်သတိထားမိလာတယ်။ တစ်အိမ်တည်းမှာ နေနေကြတယ်။ တစ်ယောက်နဲ့တစ်ယောက် အဝေးကြီးလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ဘယ်သူက တစ်နေ့တာမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ မသိတော့ပါဘူး။ ဒီနေ့ ဘာတွေစိတ်ညစ်ခဲ့လဲ၊ ဘာတွေကို ပျော်ခဲ့လဲ၊ ဘာတွေကို စိတ်ပူနေလဲ၊ ဘယ်အရာကို ရင်ဖွင့်ချင်လဲ— ပြောစရာအချိန်နဲ့ နေရ...