အခွင့်အရေးကို ဆုပ်ကိုင်ဖို့ အဆင်သင့်ဖြစ်ပါစေ
တစ်ခါတလေ ကိုယ့်ဘဝမှာ အခွင့်အရေးမရဘူးလို့ ထင်မိတတ်တယ်။ “ငါ့ကိုသာ အခွင့်အရေးတစ်ခုပေးရင်…” “အခွင့်အရေးကောင်းတစ်ခု ရောက်လာရင်…” “အခြေအနေကောင်းလာရင် ငါလုပ်မယ်…” ဆိုပြီး အခွင့်အရေးတစ်ခုကို စောင့်နေမိတတ်တယ်။ ဒါပေမယ့် တစ်ခါတလေ ပြန်စဉ်းစားကြည့်ဖို့ လိုတယ်။ တကယ်ပဲ အခွင့်အရေးမရခဲ့တာလား။ ဒါမှမဟုတ်- အခွင့်အရေး ရောက်လာခဲ့ပေမယ့် ကိုယ်က အဲဒီအခွင့်အရေးကို ဆုပ်ကိုင်ဖို့ အဆင်သင့်မဖြစ်သေးတာလား။ အခွင့်အရေးဆိုတာ ကိုယ်လိုချင်တဲ့နေ့၊ ကိုယ်အဆင်သင့်ဖြစ်တဲ့နေ့ကို စောင့်ပြီးမှ ရောက်လာတတ်တာ မဟုတ်ဘူး။ တစ်ခါတလေ ကိုယ်မမျှော်လင့်ထားတဲ့အချိန်မှာ ရောက်လာတတ်တယ်။ “ဒီအလုပ်ကို လုပ်နိုင်မလား” “ဒီတာဝန်ကို ယူနိုင်မလား” “ဒီ project မှာ ပါဝင်နိုင်မလား” ဆိုပြီး အခွင့်အရေးတစ်ခု ရုတ်တရက် ရောက်လာတဲ့အချိန်မှာ- ကိုယ်က မသိသေးဘူး။ မလုပ်တတ်သေးဘူး။ မပြင်ဆင်ထားသေးဘူး။ ယုံကြည်မှုလည်း မရှိသေးဘူး။ အဲဒီအချိန်မှာ အခွင့်အရေးက ကိုယ့်ရှေ့မှာ ရှိနေပေမယ့် ကိုယ်မဆုပ်ကိုင်နိုင်ဘူး။ အခွင့်အရေးမရှိလို့ မဟုတ်ဘူး။ ဆုပ်ကိုင်ဖို့ လက်က အဆင်သင့်မဖြစ်သေးလို့ ဖြစ်နိုင်တယ်။ ဒါကြောင့် အခွင့်အရေးကို စောင့်နေရုံနဲ့ မလုံလောက်ဘူး။ အခွင့်အရေး မလ...